Shwe Love
  Log in:
Email:
Password:
 
 
ShweLove.com  
 
  
 Community ›› Poems and Creative Writings
  
 
Topic: á€±á€•á€ºá€¬á€€á€¹á€†á€¶á€¯á€¸á€»á€á€„်း
suehninsi wrote:
on 2011-01-16 15:51:30
အမြဲတမ်းမလွမ်းချင်ပေမဲ့
အဲဒီတမ်းတတတ်တဲ့ နှလုံးသားပေါ့
ခြေထောက်တွေကိုသယ်ဆောင်ပြီး
မင်းနဲ့စတွေ့ခဲ့တဲ့ ကျောင်းတော်ကြီးဆီကို
သွားလေရဲ့......
မသိစိတ်ကဘာရယ်ဘာမှန်းမသိ
မင်းအကြောင်းကိုတွေးနေမိတယ်
မင်းရေးပေးဖူးတဲ့“အသည်းကွဲမြို့တော်”ဆိုတဲ့
သီချင်းလေးကိုသီဆိုရင်းနဲ့ပေါ့
အလိုက်မသိတဲ့မျက်ရည်တွေက
ပါးပြင်ပေါ်လိမ့်ဆင်းလာပြီ
အချစ်ဦးရေ........
အရာရာကိုမေ့ပစ်ပြီး မင်းအရိပ်နဲ့ဝေးရာကို
ပြေးမယ်ကြံတော့
နှလုံးသားက ဝေဒနာမြစ်ထဲ
ပျောက်ဆုံးခဲ့ပေါ့။ ။
  
 
 
  
 
 
Copyright © 2008-2024 ShweLove.com | All rights reserved.
Terms of Use | Home | Members | My Account | Videos | Community | Contact