Shwe Love
  Log in:
Email:
Password:
 
 
ShweLove.com  
 
  
 Community ›› General Discussion
  
 
Topic: á€¡á€žá€Šá€¹á€¸á€€á€¼á€²á€»á€á€„်း....
zaeyar wrote:
on 2009-03-15 19:11:44

ကိုယ်ချစ်သူက ကိုယ့်ကိုပြန်မချစ်၍၊ သူများနောက်ပါသွား၍ ဖြစ်နိုင်ပါသည်
ချစ်သူဆိုရာ၌ ကိုယ်နှင့်တွဲနေသောသူကြောင့် အသည်းကွဲရခြင်းက များပါလိမ့်မည်။
မိန်းကလေးများအဖို့ တွဲနေသောသူကိုထားခဲ့ရိုးထုံးစံမရှိပါ။ သို့သော် ယောကျာ်းလေးများကတော့
ထားခဲ့နိုင်ပါလိမ့်မည်။ ယောက်ျားလေးများသည် သူငယ်ချင်း၏ကောင်မလေးကို မလုတတ်သော်လည်း
မိန်းကလေးများကတော့ ထိုသို့မဟုတ်ပါ။ ကြိုက်လျှင် တကယ်လုယူသွားတတ်သည်။
ကောင်မလေးကခွဲသွား၍ အသည်းကွဲသောယောက်ျားလေးသည် ခပ်ညံ့ညံ့ကောင်သာဖြစ်သည်
ခံစားချက်ကို ပွင့်လင်းစွာမပြောနိုင်ခြင်းကြောင့် ကျန်ခဲ့ရခြင်းဖြစ်နိုင်သလို ချစ်သူ၏စိတ်ကို
နားမလည်နိုင်ခြင်းကြောင့်လည်းဖြစ်ပါလိမ့်မည်။ တကယ်တော့ ချစ်သူ၏စိတ်ကို နားမလည်ဖြစ်ရသည်
ဆိုသည်မှာ ဖြစ်နိုင်ပါသည်။ ငါတို့သည် အဆင်ပြေမည်ဟုယူဆသူကို ရွေးချယ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့် အသည်းကွဲခြင်းဆိုသည်မှာ မဖြစ်နိုင်ပါ။
ကွဲခဲ့သည်ဆိုပါစေ အသည်းကွဲခြင်းမဟုတ်တန်ရာ။ ငါတို့သည် အတ္တရင်းဆွဲရှိသူများဖြစ်သည်။
အရှုံးပေးရမည်ကို ကြောက်ကြသည်။ မိမိ ချစ်သူ တစ်ပါးလက်ပါသွားရခြင်းထက် ထိုတစ်စိမ်းတစ်ယောက်ကို
အရှုံးပေးလိုက်ရခြင်းကို မခံစားနိုင်ခြင်းကြောင့် ဖြစ်ပါလိမ့်မည်။(ထို့ကြောင့် မိမိချစ်သူကို သူငယ်ချင်းနှင့်
ဘယ်တော့မှမိတ်ဆက်မပေးခဲ့ပါ)
အသည်းကွဲရာတွင် ယောက်ျားလေးထက် မိန်းကလေးက ပိုခံစားရတတ်သည်။ ခံစားချက်ကို
မျိုသိပ်ထားရသောကြောင့် ပိုပင်ပန်းသည်။ ငါတို့မှာက ဘီယာဆိုင်သွားသောက်ကာ ပေါက်ကွဲပစ်လိုက်လို့
ရနိုင်သော်လည်း သူတို့မှာကား (ယဉ်ကျေးမှုအရ) မဖြစ်နိုင်ပါ။ (ကျွန်တော်ကတော့ ဘီယာသောက်လျှင်
ရန်မဖြစ်တတ်ပါ)။ ထို့ထက် ရည်းစားများသော မျက်နှာများသော အဖြစ်သို့ရောက်ရမည်ဖြစ်သောကြောင့်
ထိခိုက်နစ်နာမှုကြီးမားပေမည်။ ထို့ကြောင့် ငိုရခြင်းဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် အသင်သာ နားလည်မှုပေးနိုင်က(ပခုံးငှားနိုင်ခဲ့ပါက) ထိုမိန်းကလေးသည် သင့်အား ရှေ့လျှောက်
tipsပေး ဆက်ဆံပါလိမ့်မည်။
တကယ်တော့ မငိုသင့်ပါ။ ငါတို့လည်း မူးကာမရမ်းသင့်ပါ။ ကိုယ်ကျိုးအတွက် နစ်နာလှပါတယ်။
next oneကို comingလုပ်လိုက်ပေါ့ မိန်းကလေး၊ တွဲကောင်းရင် လက်တွဲလိုက်၊ ခွဲချိန်တန်ရင် ခွဲပေးလိုက်ပေါ့၊
ရှေ့လျှောက်ရမယ့် ခရီးကဝေးပါသေးတယ်၊ သူတစ်ယောက်တည်းကို စွဲလမ်းချစ်နေလို့
ကိုယ့်ကိုချစ်နေသူကိုပါ ဆုံးသွားပါဦးမယ်....
အသည်းကွဲရလို့ဆို မငိုပါနဲ့ သူငယ်ချင်း....
မငိုချင်ပါနဲ့....
အသည်းကွဲချင်ယောင်လည်း မဆောင်ပါနဲ့...
အသည်းကွဲတယ်ဆိုတာ အချိန်ပိုတဲ့သူတွေမှ ကွဲနိုင်တဲ့ကိစ္စပါ
ရုပ်ရှင်သရုပ်ဆောင်တွေသာ အားယားနေလို့ အသည်းကွဲနေကြတာပါ...
သူတို့က အသည်းကွဲခ ရတယ်လေ...
ဒါကြောင့် အသည်းမကွဲပါစေနဲ့...
အတူရှိချိန်လေးတွေကို ဂရုစိုက်ပေးလိုက်ပါ...
ပျော်စရာတွေကို မျှဝေခံစားလိုက်ပါ...
ကွဲကွာချိန်ရောက်ခဲ့ရင်လည်း လွတ်လပ်ခွင့်ပေးလိုက်ပါ...
ခွဲစမှာ ရင်တွေနာရတာတော့ အမှန်ပဲပေါ့...
ဝမ်းမနည်းပါနဲ့...
ပျော်ရွှင်ခဲ့တဲ့အချိန်အတွက် ကျေးဇူးတင်ပေးလိုက်ပါ...
လမ်းခွဲတိုင်းဝမ်းနည်းငိုကြွေးရရင် ဘယ်အချိန်မှာ ပျော်နိုင်တော့မှာလဲ...
ငါတို့ကချစ်တဲ့သူတွေရှိသလို ငါတို့ကိုချစ်တဲ့သူတွေလည်းရှိတယ်ဆိုတာ သတိရလိုက်ပါ...
  
 
 
  
 
 
Copyright © 2008-2024 ShweLove.com | All rights reserved.
Terms of Use | Home | Members | My Account | Videos | Community | Contact