Shwe Love
  Log in:
Email:
Password:
 
 
ShweLove.com  
 
  
 Community ›› General Discussion
  
 
Topic: á€¡á€á€ºá€…်နှင့်ဆန်းကြယ်သော
zaeyar wrote:
on 2009-03-15 19:10:35

ငါတို့သည် တစ်စုံတယောက်ကို ချစ်ရမည်ကို ကြိုသိနေပါသည်။ ငယ်စဉ်ကပင် မိမိချစ်သူကို
ကြိုတင်ပုံဖော်စိတ်ကူးယဉ်ခဲ့ကြဖူးပါသည်။ တကယ်တော့ လက်ရှိတွဲနေသူဆိုသည်မှာလည်း
စိတ်ကူးထဲရှိ charactorနှင့် အနီးစပ်ဆုံးတူသူကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါလိမ့်မည်။
ယောက်ျားလေးများက စတင်ဖွင့်ပြောကြသလို... မိန်းကလေးများကလည်း propose
လုပ်သူများထဲမှ ရွေးထုတ်လက်တွဲလိုက်ခြင်းဖြစ်သည်။ အချစ်သည် မြင်ဖန်များရာမှ ပေါက်ဖွားတတ်သည်သာ
များပါလိမ့်မည်၊ နေရာတစ်ခုတွင် တွေ့ကြရလိမ့်မည်။ ကျောင်း, သင်တန်း, လုပ်ငန်းတနေရာတွင် စတွေ့သည်
ဖြစ်ပါလိမ့်မည်။ ထို့နောက် တွေ့ရဖန်များလာပါလိမ့်မည်။ သူ့ထံမှ ထူးခြားချက်များကို သတိထားမိလာလိမ့်မည်
သူ့အတွေးတွေ မကြာခဏခေါင်းထဲရောက်လာကာ အချစ်ဟူသော အရာ စတင်ရှင်သန်လာပါလိမ့်မည်။
ထိုသူနှင့် တစိမ်းသူတယောက် စကားပြောရယ်မောနေသည်ကို တွေ့လျှင် စိတ်ထဲမကျေမနပ်ဖြစ်လာကာ
ချစ်ခြင်းဒီဂရီတက်လာပါလိမ့်မည်။ အချစ်စတင်မွေးဖွားခဲ့ပါပြီ။
တကယ်တော့ အချစ်သည် နုနယ်လှ၍ မမြင်နိုင်ပေ။ စိတ်ဖြင့်သာ ခံစားနားလည်နိုင်သော အရာမျှသာ။
ဤသည်ကို ကာယကံရှင်နှစ်ဦးကတော့ နားလည်နိုင်ပါသည်။ ဆန့်ကျင်ဘက်လူငယ်နှစ်ယောက်မှာ မျက်လုံးကို
မြင်ရုံမျှဖြင့် စိတ်ကိုဖတ်နိုင်ကြပါသည်။
စိတ်သည် ဆန်းကြယ်လှသည်။ ကျွန်တော်တို့တွေ လုပ်နေသောအလုပ်များသည် စိတ်အခြေအနေပေါ်
မူတည်ကာ အရည်အသွေးပြောင်းလဲသွားတတ်သည်။ နောက်မှ ခွေးတအုပ်လိုက်ခံရသောကြောင့်
အသက်ရှူမှားမတတ် ပြေးလာရသောအချိန်တွင် အဆောင်စည်းရိုးအမြင့်ကြီးကို မည်သို့ကျော်ဖြတ်ခဲ့သည်မသိ၊
သေချာတာက တကိုယ်လုံးအကွဲအပြဲတွေ ပွစာကြဲနေခြင်းသာ။
ထို့တူ အချစ်သည် လူတစ်ယောက်ကို ပြောင်းလဲသွားနိုင်သည်။
အရမ်းချစ်သော ချစ်သူ၏ယုယမှုကြောင့် အမြင့်ရောက်သွားနိုင်သလို
ပစ်ပယ်လျစ်လျူရှုမှုကြောင့် ဆယ်တန်းတွင် ပြိုင်ဘက်ကို ၁၀၉မှတ်အပြတ်ဖြင့် ရှုံးနိမ့်ကာ
ဆေးရုံသို့ ရောက်နိုင်ပါသေးသည်။
အချစ်ကို ကုသနိုင်သောအရာမှာ အလုပ်နှင့် အချိန်သာဖြစ်သည်။ အလုပ်ရှုပ်နေသူသည် အချစ်ကို
မတွေးနိုင်။ အချိန်ကြာလာပါက အရမ်းချစ်သူကိုပင် မေ့လျော့သွားနိုင်ပါလိမ့်မည်။ တဖန်ပြန်တွေ့လျှင်တော့
မှတ်မိနိုင်ပါသည်။ အကြောင်းက အရမ်းချစ်ရသူဖြစ်သောကြောင့်ပင်။
အချစ်အကြောင်းကို တန်ဖိုးထားသောလူများမှာ ငါတို့လူငယ်များနှင့် အထက်တန်းကျောင်းသားအရွယ်များပင်
ဖြစ်ပါလိမ့်မည်။ ငါတို့လူငယ်များသည် အချစ်ကို မြတ်နိုးကြသည်။ မြည်းစမ်းကြည့်ချင်ကြသူများလည်း ဖြစ်သည်။
၃၀ အရွယ်ကျော်သွားလျှင်တော့ ထိုသို့မဟုတ်တော့...
မည်မျှပင် စနောက်ချင်စိတ်ရှိနေသော်လည်း အသက်အရွယ်က ထိန်းချုပ်ထားတော့သည်။
ထို့ကြောင့် လူငယ်မိန်းကလေးတယောက်အား ယောက်ျားလေးတယောက်က လိုက်လံချဉ်းကပ်ခြင်းသည်
အပြစ်မရှိနိုင်ပါ။ ငါတို့သည် အလုပ်မရှိ အားနေသော ကျောင်းသားအရယ်တွင်သာ ပျော်ပျော်ပါးပါးနှင့် အချစ်ကို
လိုက်ရှာနေခြင်းသာ ဖြစ်ပါသည်။ အချိန်တန် လုပ်ငန်းခွင်ထဲရောက်တော့ အချစ်ကိုရှာချိန်မရတော့ပါ။
အချစ်က ဦးအောင်ရှာတွေ့သွားသောကြောင့် လုပ်ငန်းနှင့်စပ်ဆက်နေသူ၊ နေ့စဉ်တွေ့ရဖန်များသူနှင့်
ချစ်သူဖြစ်ရပါတော့သည်။
ချစ်သူမှန်လျှင် သ၀န်တိုစိတ်နည်းနည်းတော့ ၀င်လာတော့သည်။ များသွားရင်တော့ အထင်မြင်လွဲမှားကာ
လမ်းခွဲခြင်းဖြစ်သွားပါလိမ့်မည်။ ကျွန်တော်တို့ဟာ ကိုယ်နဲ့ဆိုင်တာလို့ သိလိုက်တာနဲ့ နှမြောတမ်းတမှုတွေ ဖြစ်လာပါတော့တယ်။
ကိုယ်နဲ့ဆိုင်တယ်၊ ကိုယ်ပိုင်တယ်လို့ ယူဆလိုက်လို့ပါပဲ...
တကယ်တော့ တယောက်ယောက်ကို ချစ်မိတာဟာ ကျရှုံးတာပါပဲ
များများချစ်လေ များများခံစားရလေပါပဲ...
ဒါကြောင့် နည်းနည်းပဲ ချစ်တယ်...
တွေ့ရင် စိတ်ချမ်းသာစရာစကားတွေပဲ ပြောတယ်..
သ၀န်တိုအောင် နည်းနည်းလောက် ကလိပေးလိုက်တယ်..
ပြန်ချော့လိုက်တယ်...
အားတဲ့တစ်နေ့ ချိန်းတွေ့တယ်...
လက်တွဲကောင်းတဲ့အချိန်ထိ လက်တွဲကြမယ်...
လမ်းခွဲချိန်ရောက်တော့ သတိရလိုက်ပေါ့..
ရေစက်ကုန်ချိန်ရောက်လို့
ဖူးစာမပါလို့ပေါ့...
ဘာပဲပြောပြော နောက်တစ်ယောက်တော့ အသစ်ရမှာပါ...
ဘာကြောင့်လဲ...?
ကျွန်တော်တို့မှာ အချစ်တွေအမြဲရှိနေတယ်လေ...
  
 
 
  
 
 
Copyright © 2008-2024 ShweLove.com | All rights reserved.
Terms of Use | Home | Members | My Account | Videos | Community | Contact