Shwe Love
  Log in:
Email:
Password:
 
 
ShweLove.com  
 
  
 Community ›› General Discussion
  
 
Topic: á€›á€”်ကုန်မြို့တွင် ပိတ်မိနေခြင်း
zaeyar wrote:
on 2009-03-15 19:08:50

မြို့ပြဘ၀ တကယ်မလွယ်ပါ၊
ညနေ ၇း၀၀ဆို အမှောင်ထု စတင်လွှမ်းမိုးလာပြီ၊ မီးကလည်း မလာ၊ ရေကလည်း မတင်ရသေး၊
electricသည် တိုးတက်မှုပြယုတ်တစ်ခု မဟုတ်ပါလား။
တော်သေးတာပေါ့၊ ထမင်းပေါင်းအိုးရော၊ မီးသွေးမီးဖိုပါရှိလို့...
တိုးတက်မှုဆိုတာကို သေချာစဉ်းစားသင့်သည်။ brandကောင်းပစ္စည်းတွေ ကိုင်ဖို့ ပိုကြိုးစားရသည်
ဇိမ်ခံပစ္စည်းတွေရဖို့ ချွေးထွက်အောင်ရှာခဲ့ရသည်မဟုတ်လား...
ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတော့ဟုတ်ပါပြီ...
စိတ်ပိုင်းဆိုင်ရာကကော...၊
ငါတို့သည် ၀ီရိယကိုမှီကာ အသက်ရှင်ရသော သာမန်လူလတ်တန်းစားများသာ....
ထို့ကြောင့် အလုပ်တစ်ခုခုတော့ လုပ်နေကြရသည်သာ...
ငွေကြေးတတ်နိုင်သူဆိုလျှင်တော့ သက်သာပါသေးသည်။
သူတစ်ပါးလက်အောက်တွင် အလုပ်လုပ်ရသည်မှာ လွယ်သည်မဟုတ်၊
CEO, MD, တို့အရိပ်အကဲကလည်း ကြည့်နေရသည်၊
ကိုယ်ယူထားသည့် မေဂျာနှင့် လုပ်ကိုင်နေရသော အလုပ်က ဘာမမဆိုင်။
ဘာတတ်နိုင်ပါမည်နည်း... အစိုးရပေးထားတာ ယူထားလိုက်ရတာပါပဲ...
တစ်သက်လုံးရင်းနှီးထားတာ ဒီဘွဲ့လက်မှတ်လေးရဖို့ပင် ထင်ရသည်...
တန်သလား-မတန်ဘူးလားပင် မသိတော့...
ညတိုင်ကြွက်ဖြတ်လျှောက်လို့ လွတ်ကျသည်ကတော့ ခဏခဏပင်...
အိမ်ခန်းငှားနေရသည်ကလည်း မလွယ်...
တစ်လ ၈၀၀၀၀၊ ဆိုတော့ လုပ်ငန်းတူသူငယ်ချင်းတွေ တစ်နယ်ထဲသားတွေ စုစပ်ကာ
ငှားနေကြရသည်။ သို့မှသာ salaryက ကျန်ပေမည်။ လစဉ် incoming /outcome ကို
balance ညှိရတာကလည်း MBAတောင် ရသင့်လောက်ပါသည်။ ဘာပဲပြောပြော... လခရဲ့ ၄၀%ကိုတော့
အခြေခံ နေထိုင်စားသောက်စရိတ်အတွက် သုံးရတယ်မို့လား။
ဒီကြားထဲ MDက ဆဲသေးတယ်။ သပ်သပ်ရပ်ရပ် မ၀တ်လို့တဲ့။
တစ်ခွန်းတော့ မှတ်မိလိုက်တယ်...
ရန်ကုန်သူ/သားတွေက အ၀တ်နဲ့ခြောက်တတ်တယ် တဲ့...
ဒါနဲ့ shopping ထွက်လိုက်တာ လခလေး ကုန်ပါလေရော....
အစားကို ကိုယ်ကြိုက်တာစားလို့ရတယ်၊ အ၀တ်ကိုတော့ သူများကြိုက်အောင်ဝတ်ရတယ်ဆိုပါတယ်
brandardတထည်ကလည်း လခရဲ့ 2/3ရှိတော့ ခပ်လန်းလန်းမနေနိုင်ပါဘူး
သူငယ်ချင်းတွေစုနေရတာ တော်တော်ပျော်ဖို့ကောင်းတယ်။
ညညဆို ၂း၀၀ကျော်အထိ မအိပ်လို့ အဆဲခံရတယ်။ ဟုတ်မှာပေါ့ ကောင်မလေးရှိတဲ့သူတွေက
ခံစားရင်ဖွင့်နေကြတာ နိစ္စဓူဝအလုပ်တစ်ခုပဲ။ ပျော်တော့လည်း ပျော်လို့- ညစ်တော့လည်း ညစ်လို့
ဘီယာသောက်ကြတာ ဆိုတော့ ပျော်စရာပါပဲ။ အသားကင်လုပ်ဖို့ citymartသွား ၀ယ်စရာရှိတာဝယ်။
BBQသင်တန်းဆင်းတယောက်က တာဝန်ယူ လုပ်စားရတာဆို ပျော်စရာပဲ။
ဆိုင်က ဈေးကြီးတော့ မသွားနိုင်ဘူးလေ။ ကိုယ့်အထာနဲ့ကိုယ် ပဲပေါ့။
မနက်မိုးလင်းတော့ ကမန်းကတမ်းထ၊ ရေချိုးခန်းထဲ လုဝင်ရေချိုးရတာကလည်း ပျော်စရာအတိပါပဲ..
ရပ်ကွက် အခန်းဖော်တွေကတော့ သိပ်ကြည့်မရဘူး...
လူငယ်တွေဆိုတော့ pantတွေနဲ့နေတာက များတယ်လေ...
ကြုံဖူးပါသေးတယ်....
သူငယ်ချင်းတယောက် မိန်းကလေးကိုအလည်ခေါ်ထားတာ...
သူကလည်း မပြောဘူး.. ထုံးစံအတိုင်းပဲပေါ့
တံခါးသွားဖွင့်ပေးလိုက်တာ... နေရာမှာတင် လှည့်ပြန်သွားတာ နောက်ထပ်ခေါ်လို့မရတော့ပါဘူး..
လူငယ်တွေစုနေတာမို့ ပျော်စရာကောင်းပေမယ့် လူကြီးတွေကတော့ သဘောမကျပါဘူး...
အမေလောင်းက သိပ်မကြိုက်ချင်ဘူး...
သာမန်ကတော့ ခင်ပါတယ်၊ သမီးနဲ့ပတ်သတ်မှာတော့ သိပ်သဘောမကျဘူး..
ကောင်မလေးနဲ့ နီးချင်လို့ ကြိုးစားခဲ့ပေမယ့် အလကားပါပဲ...
ဒီလိုနဲ့ ဝေးဝေးသွားတယ်...
ဘ၀တွေနီးစပ်ချင်လို့ ကိုယ့်ကိုယ်ကိုယ် motivationပေးနေပေမယ့် အားတောင်ပျက်လာတယ်...
ဘယ်တော့မှ ဆုံနိုင်ပါ့မလဲ...
ဘယ်လိုလုပ်မှ ဆုံနိုင်မှာလဲ...
မျက်လုံးချင်းစကားပြောတာနဲ့ပဲ ဇာတ်သိမ်းရတော့မလား...
သူငယ်ချင်းတစ်ယောက်လည်း ဒီလိုပဲ...
သူ့ကောင်မလေးနဲ့ကွဲသွားတယ်
ကောင်မလေးအမေက ပြောတယ်တဲ့...

အဆောင်နေတဲ့ကောင်တွေမို့ စိတ်မချရဘူး တဲ့...

အဲဒီညတညလုံး တော်တော်မူးအောင်သောက်ဖြစ်လိုက်တယ်...
ရန်ကုန်မှာ ကားမောင်းရတာ တကယ်မလွယ်ပါ..
busနဲ့taxiသမားတွေကို ကြောက်နေရတာ...
အလျော်အစားကလည်း ကြီးတယ်.. ထောင်ဘေးမှာ လမ်းလျှောက်နေရတာနဲ့တူတယ်
လမ်းကလည်း မကောင်း၊ လူတွေကလည်း မရှောင်
ရုံးတက်/ဆင်းချိန်ဆို ပိုဆိုးတယ်...
မီးကမလာ.. မီးပွုင့်ကလည်း fail...
first come, first serve...ဦးသူ မောင်းကြေးပဲ
parkingကလည်း ရှား.. တစ်ခါ ရပ်ဖို့ တပတ်လောက်ပတ်မောင်းနေရတယ်..
YCDC ကလည်း parkingအကုန်လုံးကို Co.ltတွေကို ရောင်းစားထားနေသလား...
ဟိုနေရာလည်း မရပ်ရ၊ ဒီနေရာလည်း မရပ်ရ...
ဌာနအတွင်းမှာလည်း ပွစိပွစိ...
သူကသာပါတယ်.. ကိုယ်ကသာပါတယ်...
MDကလည်း projectမပြည့်မှီလို့ ကြိမ်းတယ်...
တပတ်မှ တစ်ရက်ထဲနားရတာလေးတောင် စိတ်မအေးရဘူး...
အခန်းနီးချင်းတွေက သီချင်းအသားကုန်ဖွင့် ...
ဘာတွေထုထောင်းကြလဲမသိ ဒုန်ဒုန်ဒိုင်းဒိုင်း အသံတွေ...
အပေါ်ခန်းက ပစ်ချလိုက်တဲ့အမှိုက်တွေကလည်း sunshadeပေါ်မှာ အပြည့်..
လေလေးများ ဝေ့လိုက်လို့ကတော့ အခန်းထဲတန်းတန်းမတ်မတ် ၀င်လာတော့တာပဲ...
ကပ်လျက်အခန်းကbeer bar lady ခပ်ချောချောလေးတွေကလည်း တမျိုး...
ဆိုင်ရာအကိုတွေဆီ မအိပ်လိုက်ဘူး...
အချိန်မဟုတ်ပြန်လာပြီး ဆူညံနေတာပဲ..
ဒီထဲက အကူအညီလိုရင် လာခိုင်းတတ်သေးတယ်...
friendတွေကလည်း ကူညီပေးတတ်ပါတယ်
သူတို့ကလည်း ခပ်လန်းလန်းလေးတွေကိုး..
ဘယ်သူသိမလဲ...
နေရာပြောင်းရွှေ့လိုက်ရင် အမှန်လေးတွေဖြစ်သွားတာပဲလေ
သူငယ်ချင်းတွေနဲ့ သူတို့နဲ့တော့ ဘယ်နေ့ ဘာတွေဖြစ်ကြလေမလဲမသိ...
ဘာမှမဖြစ်သရွေ့ ဘာမှကိစ္စမရှိပါဘူး...
အပြုစုကောင်းတော့ တွဲကောင်းလို့ တွဲနေကြတာနေမှာပေါ့..
အခန်းချင်းကပ်လျက်ဆိုတော့ ဘယ်အချိန်ပျောက်ပျောက်သွားမှန်းတောင်မသိဘူး...
သူတို့ကလည်း ဒီလာ၊ ဒီကကောင်တွေကလည်း ဟိုသွား..
ငွေလိုရင် အိမ်လှမ်းမှာ ...
ဟိုမှာကတော့ ရန်ကုန်မှာနေတဲ့သားလေးဆိုပြီး ကြွားနေရှာမှာပဲ...
ဒီမှာကတော့ ၀ရုန်းသုန်းကား...
နေရောင်မရတဲ့ အခန်းထဲ၊ ခြင်ဆေးနံ့က မွှန်၊ အကြွေးက လည်မြုပ်နေပြီ...
ဒါလည်း BBQအလုပ်မပျက်...
ကောင်မလေးထားတာထက် လေညင်းခံရင်း ဘီယာသောက် အသားကင်စားရတာက ပိုကောင်းပါတယ်
ကောင်မလေးက ပြောင်းလဲတတ်တယ်
ဘီယာက မပြောင်းလဲဘူး
တစ်ခုတော့ရှိတယ် ...
အမေက မိန်းမ မယူရင် မုန့်ဖိုးများများပေးတတ်တယ်...
ငွေရေးကြေးရေးက အဓိက မဟုတ်ပါဘူး
ပိုက်ဆံကအဓိကပါ...
ဘာပဲပြောပြော မိဘတွေရှိတယ်လေ...ဒါကြောင့် ဆုံးဖြတ်ချက်ချထားတယ်
မိန်းမရရင် ကလေးမယူတော့ဘူး
ဝဋ်လည်မှာစိုးလို့...
သားလေးမွေးရင် ကိုယ့်ထက်ပေတေဆိုးသွမ်းမယ်
မီးမီးလေးဆိုရင် ကိုယ်လိုကလေကချေတွေနဲ့တွေ့မှာစိုးလို့ပါ...
  
 
 
  
 
 
Copyright © 2008-2024 ShweLove.com | All rights reserved.
Terms of Use | Home | Members | My Account | Videos | Community | Contact